၁၉၁၅ ဖေဖော်ဝါရီလ ၁၃ရက်
မြန်မာပြည် အလယ်ပိုင်း မကွေးခရိုင် နတ်မောက်မြို့ တွင်ဖွားမြင်သည်။
၁၉၃၂
အင်္ဂလိပ် မြန်မာ ၁၀ တန်းကို မြန်မာစာနှင့် ပါဠိဘာသာတို့တွင် ဂုဏ်ထူးဖြင့် "က" တန်းမှ အောင်မြင်သည်။
၁၉၃၅ - ၁၉၃၆
ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ အမှုဆောင် အဖွဲ့ဝင် အဖြစ် ရွေးချယ် တင်မြှောက်ခံရပြီး ကျောင်းသားများသမဂ္ဂ မဂ္ဂဇင်း၏ အယ်ဒီတာဖြစ်လာသည်။
၁၉၃၆ ဖေဖော်ဝါရီလ
ကျောင်းသားများသမဂ္ဂ မဂ္ဂဇင်းတွင် ငရဲခွေးကြီးလွတ်နေသည် (Hell Hound at Large) ဆောင်းပါးဖော်ပြမှုဖြင့် ရန်ကုန်တက္ကသိုလ် မှ ထုတ်ပယ်ခြင်း ခံရသည်။ ကိုအောင်ဆန်း နှင့် ကိုနု တို့အား ကျောင်းထုတ်ခြင်းကြောင့် တက္ကသိုလ် ကျောင်းသားသပိတ် ပေါ်ပေါက်ခဲ့သည်။ နောက်ပိုင်းတွင် အစိုးရမှ သပိတ်၏တောင်းဆိုချက်ကို လိုက်လျော၍ ကျောင်းထုတ်ခြင်းကို ရုတ်သိမ်းပေးခဲ့သည်။
၁၉၃၈
ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။ ရန်ကုန်တက္ကသိုလ် ဥပဒေပြင်ဆင်ရေး ကော်မတီတွင် ကျောင်းသား ကိုယ်စားလှယ် အဖြစ် အစိုးရမှ ခန့်အပ်ခဲ့သည်။
၁၉၃၈ အောက်တိုဘာလ
တို့ဗမာ အစည်းအရုံး ဝင်၍ သခင်အောင်ဆန်း ဖြစ်လာသည်။
၁၉၃၈ မှ ၁၉၄၀ ဩဂုတ်လ
တို့ဗမာ အစည်းအရုံး ၏ ရုံးချုပ် အထွေထွေ အတွင်းရေးမှူး တာဝန်ကို ယူခဲ့သည်။
၁၉၃၈ - ၁၉၃၉
တစ်နိုင်ငံလုံး သပိတ်မှောက်၍ ၁၃၀၀ ပြည့် အရေးတော်ပုံအဖြစ် သမိုင်းတွင်ခဲ့သည်။
၁၉၃၉ - ၁၉၄၀
ဗမာ့ထွက်ရပ်ဂိုဏ်း (Freedom Bloc) ကိုထူထောင်ရာတွင် ပါဝင်ခဲ့၍ အထွေထွေ အတွင်းရေးမှူး တာဝန်ကို ယူခဲ့သည်။
၁၉၄၀ မတ်လ
အိန္ဒိယ အမျိုးသား ကွန်ဂရက် (Indian National Congress) ကို ရမ်ဂါ ခရိုင်(Ramgarh District) အိန္ဒိယ တွင် တက်ရောက်ခဲ့သည်။
၁၉၄၀
ဗြိတိသျှ အစိုးရ၏ ဖမ်းဝါးရမ်း ကြောင့် မြေအောက် လှုပ်ရှားမှု အဖြစ်သို့ ပြောင်းလဲခဲ့ရသည်။
၁၉၄၀ ဩဂုတ်လ
မြန်မာပြည် မှ ထွက်ခွါခဲ့ ၍ အမွိုင် (ယခု စီယားမင်း - Xiamen) တရုပ်ပြည် မှ တဆင့် ဂျပန်ပြည် တိုကျိုမြို့ သို့ရောက်ရှိခဲ့သည်။
၁၉၄၁ ဖေဖော်ဝါရီလ
ပြည်တွင်း ပုန်ကန်မှု အတွက် ဂျပန်၏ လက်နက်နှင့် ငွေကြေး အကူအညီ ကမ်းလှမ်းချက်ဖြင့် မြန်မာပြည်သို့ ပြန်ခဲ့သည်။
၁၉၄၁
စစ်ပညာသင်ရန် အတွက် ရဲဘော်သုံးကျိပ် ပထမ အသုတ်နှင့် အတူ ဂျပန်ပြည်သို့ ရောက်ရှိခဲ့သည်။
၁၉၄၁ ဒီဇင်ဘာလ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် (Burmese Indepence Army - BIA) ကို ဂျပန် အကူအညီ ဖြင့် ထူထောင် ၍ တပ်မတော် သေနာပတိ ဗိုလ်ချုပ် အောင်ဆန်း (ဗိုလ်တေဇ) ဖြစ်လာခဲ့သည်။
၁၉၄၂ မတ်လ ၈ ရက်
မြန်မာပြည်၏ မြို့တော် ရန်ကုန်မြို့ ဂျပန် စစ်တပ်၏ လက်အောက်သို့ ကျရောက်သည်။ မြန်မာနိုင်ငံ ကို ဂျပန် စစ်အုပ်ချုပ်ရေး အစိုးရ စတင် အုပ်ချုပ်သည်။
၁၉၄၂ ဂျူလိုင်လ
ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) ကို ဗမာ့ ကာကွယ်ရေး တပ်မတော် (Burma Defence Army - BDA) အဖြစ် ပြောင်းလဲ ဖွဲ့စည်းသည်။ တပ်မတော် သေနာပတိ ဗိုလ်မှူးကြီး အောင်ဆန်း ဖြစ်လာခဲ့သည်။
၁၉၄၂ စက်တင်ဘာလ ၆ ရက်
ဒေါ်ခင်ကြည် နှင့် အိမ်ထောင်ပြုသည်။
၁၉၄၃ မတ်လ
ဗမာ့ ကာကွယ်ရေး တပ်မတော် တွင် ဗိုလ်ချုပ် အောင်ဆန်း ဖြစ်လာခဲ့သည်။
၁၉၄၃
ဂျပန်သို့ ဖိတ်ခေါ်၍ ဂျပန်ဧကရာဇ် ပေးအပ်သော တတိယတန်း တက်နေဝန်း (Order of the Rising Sun Third Class) ဘွဲ့တံဆိပ်ကို လက်ခံရရှိခဲ့သည်။
၁၉၄၃ ဩဂုတ်လ ၁ ရက်
မြန်မာပြည် ကို လွတ်လပ်သော နိုင်ငံ အဖြစ် ကြေငြာ ၍ အစိုးရ အဖွဲ့ တွင် ဗိုလ်ချုပ် အောင်ဆန်း အား စစ်ဝန်ကြီး အဖြစ် ခန့်အပ်ခြင်း ခံရသည်။
၁၉၄၃
ဗမာ့ ကာကွယ်ရေး တပ်မတော် ကို ဗမာ့ အမျိုးသား တပ်မတော် (Burma National Army - BNA) ဟု အမည်ပြောင်း ခဲ့သည်။
၁၉၄၃ နိုဝင်ဘာလ
မြန်မာပြည် ၏ တောတောင်များ တွင် ပုန်းအောင်း နေသော ဗြိတိသျှတပ်များ ဗိုလ်ချုပ် အောင်ဆန်း ထံမှ မြန်မာ့တပ်မတော် ၏ ဂျပန် တော်လှန်ရေး အစီအမံ ကို လက်ခံ ရရှိသည်။
၁၉၄၄ ဩဂုတ်လ ၁ ရက်
ဗိုလ်ချုပ် အောင်ဆန်း ၏ လွတ်လပ်ရေးနေ့ နှစ်ပတ်လည် မိန့်ခွန်းတွင် မြန်မာနိုင်ငံ ၏ လွတ်လပ်ရေးကို အတုအယောင် လွတ်လပ်ရေး ဟု ကြေငြာခဲ့သည်။
၁၉၄၄ ဩဂုတ်လ
ဖက်ဆစ် ဆန့်ကျင်ရေး အဖွဲ့ (AFO) ကို ဖွဲ့စည်း၍ အဖွဲ့ ၏ စစ်ဖက် ခေါင်းဆောင် တာဝန်ကို ယူခဲ့သည်။
၁၉၄၅ မတ်လ ၂၇ ရက်
ဗမာ့တပ်မတော် ၏ ဂျပန် တော်လှန်ရေး နိုင်ငံတစ်ဝှမ်းလုံး တွင် စတင်ခဲ့သည်။
၁၉၄၅ မေလ ၁၅ ရက်
ဗိုလ်ချုပ် အောင်ဆန်း နှင့် ဗြိတိသျှ အမှတ် (၁၄) တပ်မတော် ၏ ဗိုလ်ချုပ်ကြီး ဝီလီယံ(မ်) စလင်း(မ်) တို့ တွေ့ဆုံခဲ့သည်။
၁၉၄၅ ဇွန်လ ၁၅ ရက်
ရန်ကုန်မြို့တွင် အောင်ပွဲခံ စစ်ရေးပြ အခမ်းအနား ကျင်းပသည် ဗမာ့တပ်မတော် သည် ဗြိတိသျှတပ် မဟာမိတ်တပ် တို့နှင့် အတူ စစ်ရေးပြပွဲတွင် ပါဝင်ခဲ့သည်။
၁၉၄၅ ဩဂုတ်လ
ဂျပန်တပ် များ လက်နက်ချသည်။
၁၉၄၅ ဩဂုတ်လ
ဖက်ဆစ် ဆန့်ကျင်ရေး အဖွဲ့ ကို တိုးချဲ့၍ ဖက်ဆစ် တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် (ဖတပလ - နောက်ပိုင်းတွင် ဖက်ဆစ် ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ် - ဖဆပလ) အဖြစ် အမည်ပြောင်း ခဲ့သည်။
၁၉၄၅
ဗမာ့ အမျိုးသား တပ်မတော် ကို ဗမာ့ မျိုးချစ် တပ်မတော် (Patriotic Burmese Forces - PBF) ဟု အမည်ပြောင်း ခဲ့သည်။
၁၉၄၅ စက်တင်ဘာလ
ဗမာ့ မျိုးချစ် တပ်မတော် ကို ဗြိတိသျှ အုပ်ချုပ်မှု အောက်၌ ဗမာ့တပ်မတော် (Burma Army) နှင့် ပူးပေါင်းရန် သဘောတူစာချုပ် ကို ကန္ဒီမြို့ သီဟိုဠ် (ယခု သီရိလင်္ကာ) တွင် ဗိုလ်ချုပ် အောင်ဆန်း နှင့် လော့(ဒ်) လူဝီ မောင့်ဘတ်တန်(န်) တို့ လက်မှက်ရေး ထိုးခဲ့ကြသည်။
၁၉၄၅ အောက်တိုဘာလ
ဆာ ဒေါ်မန်စမစ်(သ်) က မြန်မာဘုရင်ခံ အဖြစ် ဦးဆောင်သော အရပ်သား အစိုးရ ပြန်လည် တက်လာသည်။
၁၉၄၆ ဇန်နဝါရီလ
ရွှေတိဂုံ ညီလာခံ တွင် ဖဆပလ အဖွဲ့ချုပ် ၏ ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြောက် ခြင်းခံရသည်။
၁၉၄၆ စက်တင်ဘာလ ၂၇ ရက်
မြန်မာပြည် အစိုးရ အဖွဲ့ ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ ရသည်။ ကာကွယ်ရေး ဝန်ကြီး နှင့် နိုင်ငံခြားရေး ဝန်ကြီး တာဝန်ကိုပါ ယူခဲ့ရသည်။
၁၉၄၇ ဇန်နဝါရီလ ၂ ရက်
လန်ဒန် သို့ အသွားတွင် အိန္ဒိယ ဝန်ကြီးချုပ် ဂျဝါဟာလာ(လ်) နေရူး နှင့် နယူးဒေလီ ၌ တွေ့ဆုံ ခဲ့သည်။
၁၉၄၇ ဇန်နဝါရီလ ၂၇ ရက်
လန်ဒန် တွင် အောင်ဆန်း - အက်တလီ စာချုပ် ကို လက်မှတ်ထိုး၍ တစ်နှစ် အတွင်း မြန်မာပြည် လွတ်လပ်ရေး ရမည် ဆိုသော အာမခံချက် ရခဲ့သည်။
၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်
ရှမ်းပြည်နယ် ပင်လုံမြို့တွင် တိုင်းရင်းသား ခေါင်းဆောင် များ နှင့် အတူ သွေးစည်းကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကို ထောက်ခံကြောင်း ပြသသည့် ပင်လုံစာချုပ် ကို လက်မှတ် ရေးထိုး ခဲ့သည်။
၁၉၄၇ ဧပြီလ
တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတွင် အမတ် နေရာ ၂၀၂ နေရာမှ ၁၉၆ နေရာကို ဖဆပလ မှ အနိုင်ရခဲ့သည်။
၁၉၄၇ ဇွန်လ
ရန်ကုန်မြို့ ဆိုရန်တို ဗီလာတွင် တိုင်းပြည် ပြန်လည် ထူထောင် ရေး ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။
၁၉၄၇ ဇူလိုင်လ ၁၃ရက်
မြို့တော်ခန်းမ ၌ ကျင်းပသော ပြည်သူ့ အစည်းအဝေး ကြီးတွင် နောက်ဆုံး လူထု မိန့်ခွန်းကိုပြောကြား ခဲ့သည်။ ပြည်သူပြည်သား များ၏ အကျင့်ဆိုး များကို ပြင်ကြရန်နှင့် စည်းကမ်း ရှိကြရန် မှာကြားခဲ့သည်။
၁၉၄၇ ဇူလိုင်လ ၁၉ရက်
ဝန်ကြီးများရုံး ၌ အစိုးရ အဖွဲ့ အစည်းအဝေး ကျင်းပနေစဉ် လုပ်ကြံခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ် နှင့် အတူ ဗိုလ်ချုပ် ၏ အကိုကြီး ဦးဘဝင်း အပါအဝင် ဝန်ကြီး ခြောက်ဦး (သခင်မြ၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွား၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်း၊ ဦးရာဇတ်) တို့လည်း ကျဆုံး ခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ဦးစော ကို လုပ်ကြံမှု အတွက် အပြစ်ရှိကြောင်း တွေ့ရှိ၍ သေဒဏ် အပြစ်ပေးခဲ့သည်။
၁၉၄၈ ဇန်နဝါရီလ ၄ရက်
မြန်မာနိုင်ငံ လွတ်လပ်ရေး ပြန်လည် ရရှိခဲ့သည်။