Aung San of Burma

ညီညီညွတ်ညွတ်နဲ့ တောင့်ခံပါ

၁၉၄၇ ခုနှစ်၊ ဧပြီလ အတွင်း၊ တောင်တွင်းကြီးမြို့ ရွှေအင်းတောင်ဘုရားတွင် ပြောကြားသည့် မိန့်ခွန်း။

အခုအချိန်ဟာ သိပ်အရေးကြီးနေတယ်။ အင်္ဂလိပ်ဟာ စစ်နိုင်တဲ့ တိုင်းပြည်အဖြစ်နဲ့ အပြင်ပန်း ကောင်းနေပေမဲ့၊ စီးပွားရေး အခြေအနေ အတွင်းကြေ ကြေနေတယ်။ အရင် စစ်မဖြစ်မီက အင်္ဂလိပ်ဟာ မြီရှင်၊ ကုလားက မြီစား၊ အခု အင်္ဂလိပ်က မြီစား၊ ကုလားက မြီရှင် ဖြစ်နေတယ်။ အခုလို စီးပွားရေး အခြေအနေအရ အင်္ဂလိပ်မှာ အကျပ်ရိုက်နေတုန်း၊ ကျုပ်တို့က လွတ်လပ်ရေး အမြန်ရအောင် လုပ်ယူရမှာဘဲ၊ လွတ်လပ်ရေး ရဖို့၊ မရဖို့က ခင်ဗျားတို့ အပေါ်မှာ တည်တယ်။ ခင်ဗျားတို့ကသာ ညီညီညွတ်ညွတ်နဲ့ တောင့်ခံနိုင်ယင် လွတ်လပ်ရေး ရမှာဘဲ။

အခု ဗမာပြည်မှာ ချင်း၊ ကရင်၊ ကချင်၊ ရှမ်းတို့ဆိုဒါတွေနဲ့ ဗမာတွေနဲ့ ညီညွတ်နေကြပြီ။ ဒါပေမဲ့ ဗမာအချင်းချင်းဖြစ်တဲ့ စားဖားကြီးတွေသာ ကျုပ်တို့နဲ့ မညီညွတ်နိုင်ဘဲ ကျုပ်တို့ကို ကလန်ကဆန် လုပ်နေတယ်။ သူတို့ဟာ အရင် မင်းတိုင်ပင်လုပ်ဖူးလို့ “ကောင်းမှန်းသိ၊ သာအိ တစိုစို” ဖြစ်နေကြတယ်။ အခု ဒီမြို့မှာတောင် ဒီလို လူတွေ ရှိနေတယ်ဆိုတာ သိရတယ်။ အဲဒီတော့ ကျုပ်နောက်ဆုံး တိုတိုဘဲ ပြောလိုက်မယ်။ ခင်ဗျားတို့ ကျွန်သက်တိုချင်ယင် ဖ-ဆ-ပ-လ အဖွဲ့ဝင်တွေကို မဲပေးကြ၊ ကျွန်သက် ရှည်ချင်ယင် အခုနက ပြောတဲ့ စားဖားကြီးတွေကိုဘဲ မဲပေးကြပေတော့။ ။

 

Google