Aung San of Burma

တပ်ထွက် မိန့်ခွန်း

၁၉၄၅ ခု၊ မတ်လ ၁၇ ရက်နေ့ ရန်ကုန်မြို့ ရွှေတိဂုံဘုရား အနောက်မြောက်ဖက်ရှိ ကွင်းပြင် (ယခု တော်လှန်ရေး ပန်းခြံနေရာ) တွင် ကျင်းပသော စစ်ရေးပြနှင့် တပ်ထွက်ပွဲ အခမ်းအနား၌ ပြောကြားသွားသည့် မိန့်ခွန်း။

ရဲဘော်တို့

အကျယ်ချဲ့ပြီး ရှေရှေမပြောချင်ဘူး။ အခု စစ်မြေပြင်ကို ထွက်ရမယ်။ ဆင်းရဲမယ်၊ ငတ်မယ်၊ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရမယ်။ ဗမာပီပီ ဗမာ့သွေးကို ပြပါ။ အထက်ဗိုလ်များရဲ့ အမိန့်ကို နာခံကြပါ။ အထက်ဗိုလ်တွေကလဲ သာတူညီမျှ ရဲဘော်စိတ်ထားပါ။ ရဲဘော်တို့ကို ကတိပေးထားတဲ့ အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့ နဲ့အတူ ချီတက်မယ်။

ဗမာ့ရန်သူကို ချေမှုန်းကြ။ အနီးကပ်ဆုံး ရန်သူကို ရှာပြီး တိုက်ကြ။ ဒါဘဲ။။

 

Google